ကျနော်တို့ ဒေါင်းလုဒ်ဆွဲရတဲ့အခါ....မကြာခန ပေါ်ပေါ်လာတက်တဲ့.......Adf.ly ကိုရင်နှီးကြမှာပါ
၅စက္ကန့် စောင့်ရတယ်လေ......
ဒါကလည်း ဆိုဒ်ပိုင်ရှင်တွေရဲ့ စီးပွားရေးလို့ သိရပါတယ်......
ကျနော်တို့ကလည်း အလကားခူးခပ်စားနေတော့......မပြောသာဘူးလေ.....ပြောလို့မှမရတာ...
ဒါပေမယ့် တစ်ချို့ဆိုဒ်တွေမှာ.....၂မိနစ်ခြားတစ်ခါ....လောက် အဲ့ဒါကြီးက ပေါ်ပေါ်လာတယ်ဗျ....
ဘယ်တက်နိုင်မလဲ...လိုချင်တဲ့သူဆိုတော့ MPT ရဲ့ Super speed connection နဲ့....အံကြိတ်ပြီးတော့သွားရတော့တာပဲ......
တစ်ခါတစ်ခါ Adf.ly မှာတင် တစ်နေပြီးးး SKIP လေးမတွေ့လို့ နောက်ပြန်လှည့်ခဲ့ရတာလည်း အကြိမ်ကြိမ်ပါ......
အဲ့ဒီတော့ ဒါကို ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာကို နည်းလမ်းလေးရှာကြည့်တယ်.....ဆိုဒ်ပိုင်ရှင်တွေလည်းမထိခိုက်...
ကျနော်တို့လို ဒေးဗစ်ဘက်ခမ်း(ဖရီးကစ်)သမား တွေအတွက်လည်း အဆင်ပြေမယ့်အောက်ပါ နည်းလမ်းလေးရှာတွေ့ခဲ့ပါတယ်.....
ဒီနည်းက Connection ကွန်နက်ရှင်ကျနေချိန်မှာဆိုရင် Skip ကို တန်းမြင်ရပြီး Connection ကောင်းနေချိန်မှာဆိုဖြတ်ခနဲသာပေါ်လာပြီး ကိုယ်သွားချင်တဲ့နေရာကိုပို့ဆောင်ပေးပါတယ်.....စောင့်ရတဲ့အချိန်ကိုကျော်လွှားလိုက်တာ
ဖြစ်သောကြောင့် ဆိုဒ်ပိုင်ရှင်တွေလည်းးမထိခိုက်ပါဘူး.....
Firefox နှင့် Chrome တို့မှာ အသုံးပြုနိုင်ပါတယ်.......
In Firefox Browser
Firefox Browser အတွက် Greasemokey ဆိုတဲ့ Add-on လေးနဲ့
Java Script ဖိုင်လေးပဲလိုတာပါ.......
အရင်ဆုံး Greasemokey Add-on လေးကို Firefox မှာ Install လုပ်ပေးရပါမယ်။ Install လုပ်ဖို့
Firefox ကို ဖွင့်ပါ။ Tools >> Add-ons ကိုနှိပ်ပါ
ဖိုင်ကနေ Install လုပ်လိုက်ပါနော်...လွယ်ပါတယ်....
ဒုတိယ အဆင့်အနေနဲ့ ဒေါင်းထားတဲ့ Javascript ဖိုင်လေးကို Mouse နဲ့ဖိဆွဲပြီး Firefox ပေါ်လွှတ်ချလိုက်ပါ။(Drag and Drop ကိုဆိုလိုတာပါ)
အဲဒီအခါ Greasemonkey Installation Box လေးပေါ်လာရင်Install နှိပ်ပေးလိုက်ရင် OK သွားပါပြီ........
ကဲအခုဆို Adf.ly ကြီးရေ....တာ့တာ့လို့ လက်ပြနိုင်ပါပြီ......
(ဒီနည်းလမ်းလေးကို လွန်ခဲ့သော တစ်နှစ်နီးပါက အနောက်နိုင်ငံ Hacking Site တစ်ခုမှ ရရှိခဲ့တာဖြစ်ပြီး
မြန်မာအိုင်တီ မှ Ko Yan က January 26, 2013 မှာ ပိုစ့်တင်ခဲ့တာပါ)
အားလုံးအတွက် ဗဟုသုတ အနေဖြင့် အကျိုးရှိမည်ဟုထင်သောကြောင့် ပြန်လည်ဝေမျှခြင်းသာဖြစ်၍
မူလရေးသားသူ...တစ်ဆင့်ခံရေးသားသူများအားလည်းးး ခရက်ဒစ် ပေးပါကြောင်း......
Chrome အတွက်လည်း နောက်ထပ်ပိုစ့် တင်ပါမည်..........
မှတ်ချက်......Adf.ly က Version အသစ်ချိန်းလိုက်ရင်တော့.....Script file တွေက မကျော်နိုင်တော့ပါဘူး.....
ထို့ကြောင့် ဒီနည်းလေးသိသွားပြီဆိုတော့..... .js ဖိုင်ထဲက coding လေးတွေကို
လေ့လာပြီး.....ယခုထက်အလွယ်တကူသုံးနိုင်အောင် ကြံဆောင်ပေးကြပါအုံးလို့......
CREDIT TO :www.mm-mpxteam.net/
Friday, February 8, 2013
Bye Bye Adf.ly
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment